Wednesday, May 9, 2007

မိတ်ဆက်ပါတယ်။

ဘလော့ဂ်အသစ်လေးတစ်ခုကို မိတ်ဆက်ပါတယ်။

မဂ္ဂဇင်းတွေထဲက ဖတ်မိသမျှလေးတွေ၊ ကြားဖူးနားဝ မှတ်သားထားတာလေးတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက် တင်ပေးသွားမှာပါ။

ကျွန်တော်က ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူပါ။ ဒါပေမယ့် ဘာသာရေးကို ဆန့်ကျင်မှုမရှိဘဲ၊ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အဆင်ပြေနိုင်မယ့်နည်းလမ်း အတိုအထွာလေးတွေ၊ ဆေးမြီးတိုလေးတွေ၊ ထူးထူးဆန်းဆန်းလေးတွေ၊ အချို့ ဂါထာမန္တာန်လေးတွေကို တင်ပြပေးသွားမှာပါ။

မမေဓါဝီက အဘိဓမ္မာဘလော့ဂ် လုပ်တဲ့အချိန်မှာမှ ကျွန်တော်က ဂမ္ဘီရလိုင်းကို ထလုပ်တာ တမင်လုပ်တာတော့ မဟုတ်ပါဘူးခင်ဗျ။ အပေါ်မှာ ပြောခဲ့သလို အားလုံးအတွက် အသုံးတည့်နိုင်မယ့် နည်းလမ်းလေးတွေ၊ မျှဝေချင်တာ သက်သက်ပါပဲခင်ဗျာ။

No comments: