Sunday, May 13, 2007

ကြို့ထိုးနေသူတွေအတွက်

ကျွန်တော်တို့ တခါတလေ ကြို့ထိုးတဲ့အခါ ခံရခက်ပါတယ်။ ကောင်းကောင်း စကားပြောလို့မရ၊ အလုပ်ဖြောင့်ဖြောင့် လုပ်လို့မရ ဖြစ်တတ်ပါတယ်။ ကြို့ကြီးထိုးရင် စိုးရိမ်ရတယ်လို့တောင် ပြောသံကြားဖူးပါတယ်။

ဒီလိုဖြစ်နေရင် ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးတာလေး တစ်ခု ပြောချင်ပါတယ်။ အဲဒါကတော့ နားကိုပိတ်ပြီး ရေသောက်တာပါ။ တစ်ယောက်ယောက်ကို နားနှစ်ဘက်ကို လက်နှစ်ဘက်နဲ့ လုံအောင် သေသေချာချာ ပိတ်ခိုင်းထားပြီး ရေတစ်ခွက်သောက်လိုက်ရင် ကြို့ထိုးတာပျောက်ပါတယ်။ လက်တွေ့လည်း ၉၀% လောက် မှန်ပါတယ်။ ကြုံကြိုက်ရင် စမ်းသပ်ကြည့်ပါခင်ဗျာ။ ကြို့ထိုးပျောက်တာ မှန်တယ်ဆိုရင် လက်ဆင့်ကမ်း ဝေမျှပေးလိုက်ပါဦးခင်ဗျ။

(နားကိုပိတ်ပေးမယ့်သူ မရှိရင် ရေကို ပါးစပ်ထဲမှာ အရင်ငုံပြီးမှ လက်နှစ်ဘက်နဲ့ နားကိုပိတ်ပြီး ရေကိုမျိုချလိုက်ပါခင်ဗျာ။)

1 comment:

naing said...

သကြား လွယ်ရင် ထမင်းစား ဇွန်း တစ်ဇွန်းမောက်မောက်ကို
ရေနဲ့မြိုချလိုက်ပါ ။ ချက်ချင်းပျောက်ပါတယ် ။ ကိုယ်တွေ့ ။